လစ်ဇ် ထရပ်စ်

ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း (၂၀၂၂)

မေရီ အဲလစ်ဇဘက် ထရပ်စ်သည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၂၂ခုနှစ် စက်တင်ဘာလမှ ​အောက်တိုဘာလအထိ တာဝန်ယူခဲ့သူဖြစ်သည်။ စတာလင်​ပေါင်တန်ဖိုးကျခြင်း၊ ဘဏ္ဍာရေးနှင့် စီးပွား​ရေးပြဿနာများက လစ်ဇ်ထရပ်စ်အား နုတ်ထွက်​စေသည့်အ​ခြေအ​နေဖြစ်ခဲ့ကာ ​​အောက်တိုဘာလ ၂၀ရက်​နေ့တွင် ရာထူးမှနုတ်ထွက်သွားမည်ဟု ​ကြေညာခဲ့ရာ ရက်​ပေါင်း (၄၄)ရက်သာ ကြာမြင့်ခဲ့သည်။ ​အောက်တိုဘာ (၂၅)ရက်​နေ့တွင် ရာထူးမှ တရားဝင်အနားယူခဲ့ရာ သမိုင်းတ​လျှောက် သက်တမ်းအတိုဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။[၁] [၂][၃]

ဟာအိတ်ဆလန်စီ

လစ်ဇ် ထရပ်စ်

ပါလီမန်အမတ်
တရားဝင်ပုံတူ၊ ၂၀၂၂ ခုနှစ်
ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၆ စက်တင်ဘာ ၂၀၂၂ – ၂၅ ​အောက်တိုဘာ ၂၀၂၂
ဧကရာဇ်
လက်ထောက် ထရေစေ ကော်ဖေ
ယခင်လူ ဘောရစ် ဂျွန်ဆင်
ဆက်ခံသူ ရီရှီ ဆူးနက်ခ်
ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်
တာဝန်သက်တမ်း
၅ စက်တင်ဘာ ၂၀၂၂ – ၂၅ အောက်တိုဘာ ၂၀၂၂
ယခင်လူ ဘောရစ် ဂျွန်ဆင်
ဆက်ခံသူ ရီရှီ ဆူးနက်ခ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား မေရီ အဲလစ်ဇဘက် ထရပ်စ်
(1975-07-26) ၂၆ ဇူလိုင်၊ ၁၉၇၅ (အသက် ၄၈)
အောက်စဖို့မြို့အင်္ဂလန်နိုင်ငံ
နိုင်ငံရေးပါတီ ကွန်ဆာဗေးတစ် (၁၉၉၆ မှ)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
လစ်ဘရယ် ဒီမိုကရက် (၁၉၉၆ မတိုင်မီ)
ကြင်ဖော်(များ) Hugh O'Leary (လက်ထပ် 2000)
သားသမီး
ဖခင် ဂျွန် ထရပ်စ်
နေထိုင်ရာ
ပညာရေး Merton College, Oxford (BA)
လက်မှတ် ဖိုင်:Signature of Liz Truss.svg
ဝက်ဘ်ဆိုဒ် elizabethtruss.com

ထို့အပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ​အောက်တိုဘာ ၂၅ရက်​နေ့အထိ ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး South West Norfolk မဲဆန္ဒနယ်အတွက်ပါလီမန်အမတ်အဖြစ်လည်း ၂၀၁၀ ပြည့်နှစ်မှ တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးချုပ်များဖြစ်ခဲ့ကြသော ဒေးဗစ် ခယ်မရွန်ထရီဇာ မေနှင့် ဘောရစ် ဂျွန်ဆင်တို့၏ လက်အောက်တွင် ဝန်ကြီးဌာနရုံးများကိုလည်း ချုပ်ကိုင်ထားခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့သော ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ထီးနန်းစံစဉ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် တစ်ဆယ့်ငါးဦးအနက် နောက်ဆုံးဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်