What would you like to search for?

ကျွန်တော်တို့နိုင်ငံဟာ အံ့မခန်းဖွယ် သဘာဝအလှတရားနဲ့ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်တွေ ပေါကြွယ်ဝလှပါတယ်။
© WWF-Myanmar/Aung Khant Min

ကျွန်တော်တို့ WWF-မြန်မာက
သူတို့ကို ကာကွယ်ဖို့
လုပ်ဆောင်နေပါတယ်။

စိန်ခေါ်မှုများ
ပျောက်ဆုံးစပြုလာနေသည့် တောရိုင်းတိရစ္ဆာန်များ

ကမ္ဘာအဝှမ်းက သားငှက်တိရစ္ဆာန်တွေဟာ လျှင်မြန်စွာ လျော့နည်းလာနေပါတယ်။ နှစ် ၄၀ အတွင်း လူတို့ကြောင့် ကမ္ဘာ့သားငှက်တိရစ္ဆာန် ထက်ဝက်လောက် ပျောက်ကွယ်ခဲ့ရပါတယ်။ ကမ္ဘာ့ အထင်ကရ မျိုးစိတ်တချို့ မျိုးသုဉ်းခဲ့ပြီး ကျန်မျိုးစိတ်တွေလည်း ပျက်သုဉ်းရလု ဖြစ်ခဲ့ပါပြီ။ မြန်မာ့ သဘာဝဝန်းကျင်ကတော့ သာယာဝပြောဆဲ ဖြစ်ပေမယ့် သူ့ရဲ့ အနာဂတ်ကလည်း လမ်းဆုံတစ်ခုကို ရောက်နေပါပြီ။

Learn More
လျော့ပါးကျဉ်းမြောင်းလာသော သစ်တောများ

တစ်စက္ကန့်ကြာတိုင်းမှာ ဘောလုံးကွင်း တစ်ကွင်းစာနဲ့ ညီမျှတဲ့ သစ်တောဧရိယာဟာ ကမ္ဘာပေါ်က ပျောက်ကွယ်နေပါတယ်။ ဒီနေရာမှာ လူတွေက သတ္တုတူးတာ၊ လယ်ယာ စိုက်ပျိုးတာနဲ့ အခြေခံအဆောက်အုံ တည်ဆောက်တာတွေ ပြုလုပ်ကြပါတယ်။ မြန်မာဟာ ကမ္ဘာ့ အမြင့်ဆုံး သစ်တောပြုန်းတီးမှုနှုန်း ရှိပေမယ့် အရှေ့တောင်အာရှရဲ့ အကျယ်ပြန့်ဆုံး သစ်တောဖုံးလွှမ်းမှုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။

Learn More
စတေးခံမြစ်များ

ကမ္ဘာ့ မြစ်ကြီးများဟာ လူဦးရေ တိုးပွားလာမှုရဲ့ ဖိအားကို ခံနေရပြီး တချို့ဆိုရင် ညစ်ညမ်းမှု၊ သတ္တုတူးဖော်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ငါး အလွန်အကျူး ဖမ်းဆီးမှုနဲ့ ဆည်တွေကြောင့် ပျက်ဆီးခဲ့လို့ အကျိုးမပြုနိုင် ကြတော့ပါဘူး။ ကမ္ဘာ့ လွတ်လပ်စွာ စီးဆင်းဆဲ မြစ်ကြီးတွေထဲက တစ်စင်းဖြစ်တဲ့ မြန်မာနိုင်ငံက မြစ်မင်းဧရာဝတီမှာတော့ မျှော်လင့်ချက် ကျန်နေပါသေးတယ်။

Learn More
ညစ်ညမ်းနေတဲ့ တို့ကမ္ဘာမြေ

လူ သန်းခုနစ်ထောင်အတွက် လောင်စာ၊ အဝတ်အစားနဲ့ ပို့ဆောင်ရေးတွေက ကမ္ဘာအပေါ် သက်ရောက်မှု ကြီးပါတယ်။ လူသုံးကုန်တွေက အမှိုက်တွေ ဖုံးအုပ်စေပြီး စက်မှုလုပ်ငန်း ကာဘွန်ထုတ်လွှတ်မှုက မြင့်တက်နေချိန်၊ အတောမသတ်တဲ့ လျှပ်စစ် လိုအပ်ချက်က ပိုဆိုးပါတယ်။ ပြည်သူ ၃၈% သာ လျှပ်စစ် ရရှိတဲ့ မြန်မာ့ ဖွံ့ဖြိုးရေးကို သန့်စင်တဲ့ စွမ်းအင်နဲ့ မောင်းနှင်ဖို့ အခွင့်အရေး ရှိနေပါတယ်။၊

Learn More