ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
Published 4 April 2021

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း ဧပြီ ၄ ရက်၈ နာရီအချိန် MRTV သတင်း ဌာန၏ ကြေညာချက်အရ သိရသည်။

ကြေညာချက်တွင်  ဧပြီ ၃ ရက် ည ၈ နာရီခွဲခန့်က ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ၌ ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြောက်ဒဂုံမြို့နယ်နေ ရဲတိုက် ခေါ် လင်းထွန်း အသက်(၃၇) နှစ် ဖြစ်ကြောင်း သိရပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ပြား၊ပြုပြင်ထားသည့် ဂတ်စ်မီးခြစ် နှစ်လုံး၊ ထိပ်တွင် ခဲပြားပတ်ထားသည့် အအေးပိုက်တစ်ချောင်း၊ ခဲပြားအပိုင်းအစနှစ်ခုနှင့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းကြောင့် ရဲတိုက် ခေါ် လင်းထွန်းအား ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း ပါရှိသည်။

 သရုပ်ဆောင်ရဲတိုက်သည် ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့်အတွက် မတ်လ ၁၅ ရက်က လသာမြို့နယ် ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသူဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

Most Read

Most Recent