Skip to main content
DVB News

DVB News

By Democratic Voice of Burma

Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB expanded its programming and began satellite television broadcasts into Burma (Myanmar) on May 28, 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, DVB TV News has continued to report the news without fear or favor. DVB Podcasts launched in 2022 to provide critical news and information as internet shutdowns and rising data costs are the norm.
Available on
Currently playing episode

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ

DVB NewsApr 27, 2024

00:00
03:12
ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ဧည့်စာရင်းတိုင်လျှင် ဓာတ်ပုံပါပေးရ

ရန်ကုန်ရဲ့ တချို့မြို့နယ်တွေမှာ ဧည့်သန်းခေါင်စာရင်းနဲ့ နေထိုင်သူတွေကို ဧည့်စာရင်းတိုင်ရင် ရပ်ကွက်ရုံးမှာ ဧည့်သည်ရဲ့ ဓာတ်ပုံကိုပါ တပါတည်းပေးပြီး တိုင်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လှိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလာမတိုင်ခင်ကတည်းက ဧည့်စာရင်းလာတိုင်သူတွေကို ဓာတ်ပုံပါတောင်းနေတာဖြစ်ပြီး သင်္ကြန်ပြီးတဲ့အချိန်မှာတော့ ပိုပြီး တင်းတင်းကျပ်ကျပ် ကောက်ခံလာတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

Apr 27, 202403:12
DVB Newsbreak ( ၂၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၂၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

-ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးတဲ့ သတင်း

-မြဝတီမြို့တောင်ဘက် စွယ်တော်ကုန်းစခန်းအနီးတဝိုက်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းနဲ့ 

-ဗိုလ်နဂါးရဲ့ BNRA တပ်နဲ့  ယင်းမာပင်ခရိုင် PDF တပ်ဖွဲ့တွေအကြား သစ်ကိစ္စနဲ့ အပြန်အလှန် ဖမ်းဆီးမှုဖြစ်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 26, 202404:45
မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ထိုးစစ်ဆင်နေ

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ထိုးစစ်ဆင်နေ

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့  မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အောင်ခန့် ပေးပို့ထားပါတယ်။

Apr 26, 202403:40
DVB Newsbreak ( ၂၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၂၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၅ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

-သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ယခင်ဖမ်းဆီးထိန်းသိမ်းထားခဲ့ဖူးတဲ့ နေပြည်တော်ရှိ နေရာဟောင်းမှာ စစ်ကောင်စီက ပြန်ပို့ ဖမ်းဆီးထားတဲ့သတင်း

-မြဝတီတိုက်ပွဲကြောင့် ထိုင်းဘက်ခိုလှုံလာတဲ့ မြန်မာစစ်ဘေးရှောင် ၆၀၀ ကျော် နေရပ်ပြန်သွားတဲ့ သတင်းနဲ့ 

- မြန်မာနိုင်ငံအနှံ့အပြားမှာ ပြည်သူတွေ အပူဒဏ် ပြင်းထန်စွာခံစားနေရတဲ့သတင်းတွေ နားဆင်ရမှာပါ

Apr 25, 202405:41
တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ကျုံးထည့်ရမှာပဲ၊ ဒီတခါတော့ သည်းညည်းမခံနိုင်တော့ဘူး” KNU ပြောခွင့်ရ ပဒိုစောတောနီး
Apr 25, 202405:08
DVB Newsbreak ( ၂၄ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၂၄ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

-မြဝတီ ခလရ ၂၇၅ တပ်ရင်းအတွင်း  KNA တပ်ဖွဲ့အကူအညီနဲ့ စစ်ကောင်စီအလံ လွှင့်တင်

-သင်္ဃန်းကျွန်း အောင်ရတနာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းနေတဲ့သတင်းနဲ့ 

-ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအယောက် ၁၇၀ ကျော်ကို စစ်ကောင်စီက ရေတပ်သင်္ဘာနဲ့ နေရပ်ပြန်ပို့ပေးခဲ့တဲ့ သတင်း


Apr 24, 202405:02
အမ်းမြို့တွင် တိုက်ပွဲဆက်ပြင်းထန်၊ ပိတ်မိနေသူတွေလည်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုရှိ

အမ်းမြို့တွင် တိုက်ပွဲဆက်ပြင်းထန်၊ ပိတ်မိနေသူတွေလည်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုရှိ

ပြည်မထွက်ပေါက်မြို့ဖြစ်သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို ပိတ်မိနေသူတွေလည်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် သေဆုံးမှုတွေပါ ကြုံနေရပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။

Apr 24, 202402:51
အီရတ်တွင် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦး အကူအညီ မရသေး

အီရတ်တွင် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦး အကူအညီ မရသေး

အိမ်အကူ အလုပ်လုပ်ရမယ်ဆိုကာ ဒူဘိုင်းကို သွားရောက်ခဲ့တဲ့ မြန်မာအမျိုးသမီး ၆ ဦးဟာ အီရတ်နိုင်ငံမှာ ရောင်းစားခံနေရပြီး အခက်အခဲတွေကြောင့် မြန်မာနိုင်ငံကို ပြန်လာချင်ပေမဲ့ လက်ရှိအချိန်ထိ အကူအညီ မရသေးဘူးလို့ သိရပါတယ်။

Apr 24, 202404:26
DVB Newsbreak ( ၂၃ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၂၃ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဝင်စာကို နေပြည်တော်အချုပ်ထောင်မှာသာ လက်ခံတဲ့သတင်း

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို စစ်ကောင်စီက  အနားပေးလိုက်တဲ့သတင်းနဲ့ 

-ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၁၀၀  လောက်သေဆုံးတဲ့သတင်းတွေနားဆင်ရဖို့ရှိပါတယ်

Apr 23, 202405:15
DVB Newsbreak ( ၂၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၂၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

-မြဝတီတိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေ   

-ခါမ်းပါတ်မြို့နဲ့ အနီးဝန်းကျင်နေရာ ၄ ခုကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့သတင်းနဲ့ 

-ကရင်နဲ့  ကရင်နီပြည်နယ်တွင်း သတင်းရယူမှုကို  စည်းကမ်းတင်းကျပ် ကန့်သတ်လိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ။

Apr 22, 202405:25
"ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ နေရာပြောင်းရွှေ့မှု နောက်ကွယ် "၊ (WeeklyNewsDigest 21042024)

"ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ နေရာပြောင်းရွှေ့မှု နောက်ကွယ် "၊ (WeeklyNewsDigest 21042024)

DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ 

ဒီတပတ်အစီအစဉ်မှာတော့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦဝင်းမြင်တို့ကို ထောင်မှနေရာပြောင်းရွေ့မှုနောက်ကွယ်၊ မြန်မာ့နှစ်သစ်ကူးအကျဉ်းသား ၃၃၀၃ ဦး လွတ်ငြိမ်းခွင့်၊  အစ္စရေးနှင့်အီရန်တိုက်ပွဲ စတာတွေနဲ့ပတ်သက်ပြီး   ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။  

Apr 21, 202429:56
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်

မိခင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အကျဉ်းထောင်ကနေ နေရာရွှေ့ပြောင်းလိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကိုပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က ဝေဖန်လိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကင်မ်အဲရစ်က “ကျနော့်ဆီကို ကိုယ်တိုင်ကိုယ်ကျ ဘယ်သူမှ အသိပေးတာ မရှိပါဘူး။ ဘယ်သူမှ ဘာမှ မပြောပါဘူး။ သတင်းတွေထဲကနေပဲ သိရတာပါ။ ဒါကလည်း အနည်းအကျဉ်းပါပဲ။ ကျနော့်အမေကို နေရာရွှေ့တယ်ဆိုတာတော့ သေချာပါတယ်။ နေအိမ်အကျယ်ချုပ်ပုံစံမျိုး ရွှေ့လိုက်တာလား။ တခြားထောင်ကို ရွှေ့တာလားလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ရွှေ့ရတဲ့အကြောင်းကတော့၊ ကျန်းမာရေးအတွက်လို့ အကြောင်းပြပေမဲ့ ဒါက ဖြစ်နိုင်ခြေမရှိပါဘူး။ သူတို့အကြောင်းနဲ့ သူတို့တော့ ရှိမယ်လို့ ထင်တယ်။ နာမည်တပ်ပြောရရင်တော့ အမေ့ကို လူသားတံတိုင်းလုပ်ချင်တာလား၊ အပေးအယူလုပ်ဖို့ အသုံးချချင်တာလား မသိဘူး” လို့ ပြောပါတယ်။


Apr 20, 202402:41
DVB Newsbreak ( ၁၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၁၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

- အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို

-ဒုချုပ်စိုးဝင်း နေပြည်တော်စစ်ဆေးရုံမှ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေရ

-ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် အသုံးချနေဟု သားဖြစ်သူ ဝေဖန်လိုက်တဲ့သတင်းကို နားဆင်ရမှာ

Apr 19, 202404:48
DVB Newsbreak ( ၁၈ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၁၈ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ  လျှို့ဝှက်နေရာကို ပြန်ပို့ပြီး အကျဉ်းချထားတဲ့သတင်း 

-KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးလိုက်တဲ့ သတင်းနဲ့ 

-စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦး ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေးသွားတဲ့သတင်းတွေ နားဆင်ရမှာပါ

Apr 18, 202404:49
အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတကို ဘယ်နေရာမှာပြောင်းထားတယ်ဆိုတာ အတည်မပြုနိုင်သေး

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတကို ဘယ်နေရာမှာပြောင်းထားတယ်ဆိုတာ အတည်မပြုနိုင်သေး

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့သမ္မတကိုဘယ်နေရာမှာပြောင်းထားတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ နေပြည် တော်အချုပ် ထောင်နဲ့နီးစပ်သူတယောက်ကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

Apr 18, 202403:41
DVB Newsbreak ( ၁၇ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၁၇ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်မှ နေရာ ပြောင်းရွှေ့လိုက်တဲ့သတင်း

-မြန်မာ့နှစ်သစ်ကူးမှာ အကျဉ်းသား ၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်းနဲ့ 

-တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင် MSF ရုံးနဲ့ ဆေးသိုလှောင်ခန်း မီးလောင်ပျက်စီးသွားတဲ့သတင်းတွေ နားဆင်ရမှာပါ

Apr 17, 202404:31
DVB Newsbreak ( ၁၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၁၆ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

-ပြင်ဦးလွင် DSA ကျောင်း တိုက်ခိုက်ခံရပြီးနောက် စစ်ခေါင်းဆောင် သင်္ကြန်မဏ္ဍပ်ကို သွားလာခြင်းမရှိဘဲ အိမ်တွင်းပုန်းနေတဲ့သတင်း

-အချိန်အခါမဟုတ်မိုးရွာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလက  သတိပေးထားတဲ့သတင်းနဲ့

-စစ်ကောင်စီက လမ်းကြောင်းတွေ ပိတ်ဆို့ထားလို့ စစ်တွေနဲ့ ကျောက်ဖြူဒေသခံတချို့  မြို့တွင်း ပိတ်မိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ


Apr 16, 202405:08
DVB Newsbreak ( ၁၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၁၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

-မန္တလေး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် မိုင်းကွဲပြီး ၁၂ ဦးဒဏ်ရာရ

-ပြင်ဦးလွင် DSA စစ်တက္ကသိုလ် ရှော့တိုက်ဒုံးနဲ့ ထပ်မံတိုက်ခိုက်ခံရ

-မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်း  ဒေါက်တာအောင်နိုင်ဦးပြန်လွတ်မြောက်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Apr 15, 202404:59
"နေလုံးဝကြတ်ရင် အာဏာရှင်တွေသေတတ်တယ်" (WeeklyNewsDigest 14042024)

"နေလုံးဝကြတ်ရင် အာဏာရှင်တွေသေတတ်တယ်" (WeeklyNewsDigest 14042024)


DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ 

ဒီတပတ်အစီအစဉ်မှာတော့ "နေလုံးဝကြတ်ရင် အာဏာရှင်တွေသေတတ်တယ်"၊ "လွတ်မြောက်နယ်မြေ ဖြစ်သွားတဲ့မြဝတီ"၊  "ကုလအထူးသံတမန်သစ်အလုပ်ဖြစ်မလား" စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။  

Apr 14, 202429:58
အမေရိကန်နိုင်ငံခြားရေး အဆင့်မြင့်အရာရှိနှင့် NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံခြားရေး အဆင့်မြင့်အရာရှိနှင့် NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို အကူအညီပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် တာဝန်ရှိသူက  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့  အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


Apr 13, 202403:44
DVB Newsbreak ( ၁၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၁၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-စစ်အာဏာသိမ်းပြီးနောက် မြန်မာတွင် ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာ တဲ့သတင်း

-အမေရိကန်နိုင်ငံခြားရေး အဆင့်မြင့်အရာရှိနှင့် NUG ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး တဲ့သတင်းနဲ့ 

အမ်းအခြေစိုက် နပခကို AA တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးကြီး ၁ ဦး သေဆုံးကာ သံဖြူဇရပ် ရဲစခန်း ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးတဲ့သတင်းတွေကို နားဆင်ရမှာပါ။

Apr 12, 202405:12
၁၅ နှစ်တာကာလအတွင်းမှာ ရခိုင်တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ စံထားရမယ့် အောင်မြင်မှုတွေရယူထားနိုင်

၁၅ နှစ်တာကာလအတွင်းမှာ ရခိုင်တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ စံထားရမယ့် အောင်မြင်မှုတွေရယူထားနိုင်

အာရက္ခတပ်တော် (AA) ဟာ ၁၅ နှစ်တာကာလအတွင်းမှာ ရခိုင်တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ စံထားရမယ့် အောင်မြင်မှုတွေကို ရယူထားနိုင်ပြီး နိုင်ငံရေးအရလည်း ဦးဆောင်နိုင်တဲ့ ရင့်ကျက်မှုတွေရှိနေပြီလို့ နိုင်ငံရေးအသိုင်း အဝိုင်းကပြောပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။

Apr 12, 202404:01
DVB Newsbreak ( ၁၁ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၁၁ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-နေပြည်တော် အေလာလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ၊ လုံခြုံရေးတိုးမြှင့်ထားတဲ့

-မြဝတီ ခလရ  ၂၇၅ တပ်မမှူး အပါအဝင် တပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်ထွက်ပြေးဖို့  ကြိုးပမ်းနေတဲ့သတင်းနဲ့

-မြန်မာတိုက်လေယာဉ်များကို ထိုင်းပိုင်နက်ထဲပျံသန်းခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်း 

Apr 11, 202406:18
DVB Newsbreak ( ၁၀ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၁၀ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁၀  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-မြန်မာစစ်ဘေးရှောင် ၁ သိန်းလောက်ထိ ယာယီလက်ခံဖို့ ပြင်ထားတယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတဲ့သတင်း 

-၁၉၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းဖို့  NUCC ပြည်သူ့ညီလာခံက ဆုံးဖြတ်လိုက်တဲ့သတင်းနဲ့ 

-လွယ်ဂျယ်မြို့စောင့်တပ်ထံမှ ကျပ်သိန်း တသောင်းကျော်ကို KIA က သိမ်းဆည်းရမိတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 10, 202404:08
DVB Newsbreak ( ၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၉ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၉  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံရဲ့အခြေအနေ ထိုင်းအတွက် အလွန်အရေးကြီးနေပြီလို့ အရေးပေါ် အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်တဲ့သတင်း 

-ပြင်ဦးလွင် စစ်တက္ကသိုလ် (DSA)နဲ့ မြဝတီမြို့ရှိ နောက်ဆုံးကျန် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တဲ့သတင်းနဲ့  

-မြန်မာနိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အပူချိန်ထပ်မံမြင့်တက်ဖို့ရှိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ 

Apr 09, 202405:16
DVB Newsbreak ( ၈ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၈ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၈  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာအရာရှိတွေကို ပြန်ခေါ်ဖို့ မဲဆောက်ကို လေယာဉ် စေလွှတ်ခဲ့တဲ့ သတင်း

-မြန်မာစစ်ကောင်စီ အင်အားနည်းလာပြီလို့  ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်တဲ့သတင်းနဲ့ 

-ဘူးသီးတောင်တိုက်ပွဲမှာ ထွက်ပြေးနေတဲ့  စစ်ကောင်စီ ဒုတပ်ရင်းမှူးကို အေအေက ဖမ်းဆီးရမိခဲ့တဲ့ သတင်းတွေနားဆင်ရမှာပါ

Apr 08, 202404:36
အာဆီယံဒေသတွင်း ကာကွယ်ရေးအရာရှိများဆွေးနွေးပွဲ စစ်ကောင်စီကို တက်ရောက်ခွင့် မပြုဖို့ တောင်းဆို

အာဆီယံဒေသတွင်း ကာကွယ်ရေးအရာရှိများဆွေးနွေးပွဲ စစ်ကောင်စီကို တက်ရောက်ခွင့် မပြုဖို့ တောင်းဆို

နယူးဇီလန်နိုင်ငံမှာပြုလုပ်မယ့် အာဆီယံ - နယူးဇီလန် အစည်းအဝေးနဲ့ လာမယ့် မေလထဲမှာ ဗီယင်ကျန်းမြို့မှာ ပြုလုပ်မယ့် အာဆီယံဒေသတွင်း ကာကွယ်ရေးအရာရှိများ ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကို တက်ရောက်ခွင့် မပြုဖို့ အရပ်ဖက် အဖွဲ့အစည်း ၄၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို လိုက်ပါတယ်။ ဟန်န သတင်း ပေးပို့ထားပါတယ်။

Apr 08, 202404:18
"နေပြည်တော်ကိုခြိမ်းခြောက်နိုင်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှု" (WeeklyNewsDigest 07042024)

"နေပြည်တော်ကိုခြိမ်းခြောက်နိုင်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှု" (WeeklyNewsDigest 07042024)


DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

ဒီတပတ်အစီအစဉ်မှာတော့ နေပြည်တော် စစ်အုပ်စုကို စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု၊ ကုလလုံခြုံရေးကောင်စီမြန်မာ့အရေးတံခါးဖွင့်ဆွေးနွေးပွဲ၊ မြန်မာစစ်တပ်နဲ့ အမုန်းစကား၊ အပူဒဏ်ခံစားနေရတဲ့ပြည်သူတွေ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Apr 07, 202429:44
ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆွေးနွေး၊

ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေး ဆွေးနွေး၊

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး ပထမဆုံးအနေနဲ့ တံခါးဖွင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒါဟာ ကောင်းမွန်တဲ့အလားအလာတွေနဲ့ ဖြေရှင်းချက်တွေရလာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဒီဗွီဘီသတင်းထောက် ဝေဝေတင်ဆက်ပေးမှာပါ။

https://burmese.dvb.no/post/646919

Apr 06, 202403:55
DVB Newsbreak ( ၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၅ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၅  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့် ဆွေးနွေးပွဲပထမဆုံးအကြိမ် ကျင်းပတဲ့သတင်း 

-မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက  ဆုံးဖြတ်လိုက်တဲ့သတင်းနဲ့ 

-အဆိုတော် မေသူနဲ့  ဟာသသရုပ်ဆောင် အိုကေတို့ကို  စစ်ကောင်စီ အမှုဖွင့်အရေးယူ လိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ 

Apr 05, 202405:31
DVB Newsbreak (၄ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak (၄ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၄  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-နေပြည်တော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းသူမဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့သတင်း 

-ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ  လဲလှယ်မယ့်သတင်းနဲ့  

-မြန်မာနိုင်ငံမှာ ရာသီဥတု ပူလွန်းလို့  ဖျားနာသူများလာတဲ့သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်

Apr 04, 202404:41
ဆီဆိုင်ပြည်သူများ မြိုထဲပြန်မဝင်သေးဖို့ PNLA သတိပေး

ဆီဆိုင်ပြည်သူများ မြိုထဲပြန်မဝင်သေးဖို့ PNLA သတိပေး

ဆီဆိုင်မြို့မှာ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းတွေနဲ့လက်နက်ကြီးတွေ ရှိနေတ ာကြောင့်  ပြည်သူတွေ မြို့ထဲကို ပြန်ဝင်တာမလုပ်ကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ပြောပါတယ်။သီဟ သတင်းပေးပို့ထားပါတယ်။

Apr 04, 202403:15
DVB Newsbreak ( ၀၃ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၀၃ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၃  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို နယူးဇီလန်က ဖိတ်ကြားတဲ့အပေါ်  ဝေဖန်ကန့်ကွက်ခံနေရတဲ့သတင်း 

-လေးကေ့ကော်အနီး ကန်ကုန်းကာကင်းစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့

-ရခိုင်မှာ တလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်  ပြည်သူ ၃၀ ကျော်သေဆုံး၊ ၈၀ ဒဏ်ရာရသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ

Apr 03, 202404:43
DVB Newsbreak ( ၀၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၀၂ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံပြီး အွန်လိုင်းလောင်းကစားကိစ္စ ဆွေးနွေးခဲ့တဲ့သတင်း 

-မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်က ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတဲ့သတင်းနဲ့ 

-ဖျာပုံထောင်မှာ ပစ်ခတ်နှိမ်နင်းမှုကြောင့် နိုင်ကျဉ်းအပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာရသွားတဲ့ သတင်းတွေနားဆင်ကြရမှာပါ

Apr 02, 202405:18
အတင်းအကြပ် စစ်မှုထမ်းစေခိုင်းမှုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေဆက်တိုက်ဖြစ်ပွား

အတင်းအကြပ် စစ်မှုထမ်းစေခိုင်းမှုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေဆက်တိုက်ဖြစ်ပွား

ရန်ကုန်မှာ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းတဲ့အတွက် မိသားစုဝင်တွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေ၊ နေရပ် ကနေ ထွက်ပြေးတိမ်းရှောင်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်၊ ဝေဝေ တင်ဆက်ပေးမှာပါ၊

Apr 02, 202404:34
DVB Newsbreak ( ၀၁ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

DVB Newsbreak ( ၀၁ ဧပြီ ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဧပြီ  ၁   ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

စိန်လုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကြီးကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်လိုက်တဲ့သတင်း

-အရပ်သား အသေအပျောက်အများဆုံး ၅ နိုင်ငံမှာ  မြန်မာပါဝင်တဲ့သတင်းနဲ့

-ပါရီအိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံက အရည်အချင်းပြည့်မီတဲ့ အားကစားသမား တယောက်မှ မရှိတဲ့သတင်းတွေနားဆင်ရမှာပါ

Apr 01, 202405:11
IIMM ရဲ့ အစီရင်ခံစာကို ကြိုဆိုပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေက စိုးရိမ်စရာ အခြေအနေ ရင်ဆိုင်နေရ

IIMM ရဲ့ အစီရင်ခံစာကို ကြိုဆိုပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေက စိုးရိမ်စရာ အခြေအနေ ရင်ဆိုင်နေရ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်‌သော စုံစမ်းစစ်ဆေးမှု ယန္ဒရား IIMM ရဲ့ အစီရင်ခံစာကို ကြိုဆိုပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေက စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီသတင်းကို မင်းညိုက ပေးပို့ထားတာပါ။

Apr 01, 202406:08
"သင်္ဘောနဲ့တိုက်မိပြီး ပြိုကျသွားတဲ့ ဘာလ်တီမိုးတံတားကြီး " (WeeklyNewsDigest 31032024)

"သင်္ဘောနဲ့တိုက်မိပြီး ပြိုကျသွားတဲ့ ဘာလ်တီမိုးတံတားကြီး " (WeeklyNewsDigest 31032024)


DVB Weekly News Digest အစီအစဉ် နားဆင်ရမှာဖြစ်ပါတယ်။

ဒီတပတ်အစီအစဉ်မှာတော့ သင်္ဘောနဲ့တိုက်မိလို့ပြိုကျသွားတဲ့ ဘာလ်တီမိုးတံတားကြီး၊ မော်စကိုဗုံးကွဲမှုနဲ့ IS၊ အမျိုးသမီးပါဝင်မှုများလာတဲ့ စစ်ရေးပြပွဲ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Mar 31, 202429:50
အာဏာသိမ်း ၃ နှစ်အတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၁၂ စီး အထိ ပျက်ကျခဲ့

အာဏာသိမ်း ၃ နှစ်အတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၁၂ စီး အထိ ပျက်ကျခဲ့

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ  ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ သယ်ပို့လေယာဉ်၊ ရဟတ်ယာဉ်တွေ ၁၂ စီအထိ ပျက်ကျခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ  ဗိုလ်မှူးချုပ်အထိ ပါဝင်နေပါ တယ်။

DVB က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပစ်ချခံရတာ၊  စက်ချို့ယွင်းတာတွေ ကြောင့် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျခဲ့ရတာပါ။ အများစုဟာ အခု ၂၀၂၄ ခုနှစ်ထဲမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ် ၊ ရဟတ်ယာဉ် ၆ စီး ရှိနေပါတယ်။

လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျမှုကြောင့် သေဆုံးသူတွေထဲမှာတော့  ရာထူးအကြီးဆုံး အရာရှိက ဗိုလ်မှူးချုပ်ဖြစ်ပြီး ကရင်ပြည်နယ် သင်္ဃန်းညီနောင်မှာ ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းက KNLA တော်လှန်ရေးပူးပေါင်းတပ်ရဲ့ ပစ်ချမှုကြောင့် EuroCopter ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါလာတဲ့ ဗိုလ်မှူးချုပ် အေးမင်းနောင် သေဆုံးခဲ့တာလို့ KNUက ထုတ်ပြန်ထားတာပါ၊

ပျက်ကျပြီးချိန် တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးခံရသူ လေယာဉ်မှူးကတော့ ကရင်နီမှာ ၂၀၂၃ ခုနှစ်က ပစ်ချခံရတဲ့  K-8  တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ဖြစ်ပါတယ်။

စစ်ကောင်စီလေတပ်ရဲ့ အရန်အင်အား လျော့နည်းလာပေမဲ့ Y-12 လို သယ်ပို့လေယာဉ်တွေကနေ ဗုံးကြဲနေတာတွေကို တော်လှန်ရေးတပ်တွေ ကြုံနေရဆဲပဲလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်တပ်က လေယာဉ်တွေကို ထုတ်မပြနိုင်တဲ့ အခြေအနေကို  တွေ့ရတယ်လို့လည်း ဆိုပါတယ်။

Mar 30, 202403:29
DVB Newsbreak  (  ၂၉ မတ်  ၂၀၂၄၊   ညနေခင်းသတင်း)

DVB Newsbreak ( ၂၉ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၉  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-သမိုင်းဝင်ယောယုံစခန်းအပါအဝင် စခန်းကြီးငယ် ၅၀ ကျော်ကို KIA နဲ့ ပူးပေါင်းအဖွဲ့ က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း 

-ရခိုင်စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးမှု ပိုဆိုးလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန် လိုက်တဲ့သတင်းနဲ့ 

-ရွှေဈေး တကျပ်သားကို ကျပ် ၄၄ သိန်း နီးပါးထိ စံချိန်တင်မြင့်တက်လာတဲ့သတင်းတွေကို နားဆင်ကြရမှာပါ

Mar 29, 202405:17
မြန်မာ့ရွှေဈေး ကျပ် ၄၄ သိန်းအထိမြင့်တက်

မြန်မာ့ရွှေဈေး ကျပ် ၄၄ သိန်းအထိမြင့်တက်

မြန်မာနိုင်ငံရဲ့ရွှေဈေးကွက်က စစ်တပ်အာဏာသိမ်းပြီးကတည်းက တောက်လျှောက်မြင့်တက်နေခဲ့ပြီး မတ်လ ၂၈ရက်နေ့မှာ ကျပ် ၄၄သိန်း နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဟန်နသတင်းပေးပို့ထားပါတယ်။

Mar 29, 202403:02
ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ မီးလောင်မှု နေအိမ် ၃၀၀ ကျော်ပျက်စီး လူ ၆၀၀၀ ကျော်အိုးအိမ်မဲ့ဖြစ်

ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ မီးလောင်မှု နေအိမ် ၃၀၀ ကျော်ပျက်စီး လူ ၆၀၀၀ ကျော်အိုးအိမ်မဲ့ဖြစ်

ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်ကောင်စီစစ်သင်္ဘောကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၆၀၀၀ ကျော်ဟာ အိုးမဲ့အိမ်ဲ့ဖြစ်ခဲ့ရတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူ သားချင်းစာနာထောက်ထားမှုနှင့်ကယ်ဆယ်ရေးဌာနမှူးက ပြောပါတယ်။ အောင်ခန့် သတင်းပေးပို့ထားပါတယ်။

Mar 29, 202403:39
DVB Newsbreak  (  ၂၈ မတ်  ၂၀၂၄၊   ညနေခင်းသတင်း)

DVB Newsbreak ( ၂၈ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၈  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-ရုရှားစစ်ဘက်ဆိုင်ရာ အရာရှိ ၂၇ ဦးကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ချီးမြှင့်တဲ့ သတင်း

-ရန်ကုန်မြို့လယ်ခေါင် ဆူးလေခုံကျော်တံတားအောက်မှာ ဗုံးပေါက်ပြီး လူငယ် ငါးဦးဒဏ်ရာရသွားတဲ့ သတင်းနဲ့ 

-သိန္နီမြို့နယ်မှာ  MNDAA ကိုးကန့်တပ်နဲ့  SSPP/SSA  ရှမ်းတပ်တို့  တိုက်ပွဲဖြစ်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ 


Mar 28, 202405:19
မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုပြုချက် ၄ ချက် အလုပ်ဖြစ်နိုင်မလား

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုပြုချက် ၄ ချက် အလုပ်ဖြစ်နိုင်မလား

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကူညီဖြေရှင်းနိုင်ရေး ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုပြုချက် ၄ ချက်ဟာ အလုပ်ဖြစ်နိုင်မလား ဆိုတဲ့အပေါ် လေ့လာသူတွေ နိုင်ငံရေးသမားတွေရဲ့အမြင် သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။

Mar 28, 202404:48
DVB Newsbreak  (  ၂၇ မတ်  ၂၀၂၄၊   ညနေခင်းသတင်း)

DVB Newsbreak ( ၂၇ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၇  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-ဖက်စစ်တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ညနေပိုင်းမှာ ပြောင်းလဲ ကျင်းပတဲ့ သတင်း 

-ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်တဲ့သတင်းနဲ့

-ရန်ကုန်၊ ဘုရင့်နောင်ဆိပ်ကမ်းကနေ စစ်တွေကိုသွားမယ့် ကုန်သင်္ဘောပေါ်ကနေ ငွေကျပ် တစ်ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းမိတဲ့သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်


Mar 27, 202404:51
DVB Newsbreak  (  ၂၆ မတ်  ၂၀၂၄၊   ညနေခင်းသတင်း)

DVB Newsbreak ( ၂၆ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၆  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-စစ်မှုထမ်းဥပဒေကျင့်သုံးပြီးနောက် နိုင်ငံတဝန်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၃၆ ဦး အသတ်ခံရတဲ့သတင်း 

-ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ 

-ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို  AA က ကြိုဆိုလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ။

Mar 26, 202405:14
ကရင်နီဘက်စုံတက္ကသိုလ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေ

ကရင်နီဘက်စုံတက္ကသိုလ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေ

ကရင်နီဘက်စုံတက္ကသိုလ် (Karenni Comprehensive University) ကို လာမယ့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။ ဒီသတင်းကို ဖူးအိအိနွယ် ပေးပို့ထားပါတယ်။

Mar 26, 202403:45
DVB Newsbreak  (  ၂၅ မတ်  ၂၀၂၄၊   ညနေခင်းသတင်း)

DVB Newsbreak ( ၂၅ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၅  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

-ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ တိုက်နယ်ဆေးရုံတရုံ ပျက်စီးသွားတဲ့သတင်း 

-ကရင်စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ထိုင်းနယ်စပ်ကနေ  ပထမဆုံးအသုတ် ပေးပို့လိုက်တဲ့ သတင်းနဲ့

-နိုင်ငံတဝန်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေတဲ့  မြို့နယ်ပေါင်း  ၁၇၀ ကျော်ရှိလာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Mar 25, 202404:26
"သမိုင်းအမွေအနှစ် ခြံအမှတ် ၅၄ ကို ဖျောက်ဖျက်မည့်အကြံ " (WeeklyNewsDigest 24032024)

"သမိုင်းအမွေအနှစ် ခြံအမှတ် ၅၄ ကို ဖျောက်ဖျက်မည့်အကြံ " (WeeklyNewsDigest 24032024)


DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။

ဒီတပတ်အစီအစဉ်မှာတော့ သမိုင်းအမွေအနှစ်"ခြံအမှတ် ၅၄"ကို ဖျောက်ဖျက်မည့်အကြံ ပြည်သူလက်မခံ၊ NCA ၇ ဖွဲ့ ချင်းမိုင်ဆွေးနွေးပွဲ၊ ရိုဟင်ဂျာဆန္ဒပြပွဲရဲ့ နောက်ကွယ်၊ ကုလလူ့အခွင့်အရေးကောင်စီနဲ့ မြန်မာ့အရေး စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Mar 24, 202429:45
ဆင်ဘို ခလရ ၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်

ဆင်ဘို ခလရ ၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်

ကချင်ပြည်နယ်ထဲ နေရာ ၄ ခုထက်မနည်းမှာ တိုက်ပွဲတွေဆက်ရှိနေပြီး ဆင်ဘို ခလရ ၁၄၁ ကိုလည်း KIA နဲ့ပူးပေါင်းတပ်တွေက ၃ ကြိမ်မြောက်အဖြစ် ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

ဒီဗွီဘီသတင်းထောက် စိုးသူအောင် သတင်းပေးပို့ထားပါတယ်။

Mar 23, 202402:54