The Wayback Machine - https://web.archive.org/web/20210218051057/https://www.duwun.com.mm/news/local-news/p-id48800


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ကို ဖေဖေါ်ဝါရီ(၁)ရက်နေ့ကတည်းက လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
Ye Yint Htay

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ အဆိုတော်လင်းလင်းတို့အပါအဝင် လူသိများထင်ရှားသူ(၇)ဦးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ထိခိုက်စေတဲ့ ရေးသားပြောဆိုမှုများ ပြုလုပ်တယ်ဆိုတဲ့စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းကိုနိုင် (ခ) ပေါ်ဦးထွန်း၊ ကျော်မင်းယု (ခ) ဂျင်မီ၊ ထွေးလင်းကို (ခ) လင်းလင်း၊ အင်းစိန်အောင်စိုး၊ မျိုးရန်နောင်သိမ်း၊ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လို နဲ့ မာင်မောင်အေးတို့မှာ ၎င်းတို့ကိုလူသိများတဲ့ အခွင့်အရေးကို အသုံးချပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန်အကြောင်းရှိတဲ့ ရေးသားချက်များ၊ ပြောဆိုချက်များကို Social မီဒီယာများ၊ လူမှုကွန်ယက်များကို အသုံးပြုလုပ်ဆောင်နေကြောင်း တွေ့ရှိရတဲ့အတွက် သက်ဆိုင်ရာတရားရုံးများမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားရှိပြီး သက်ဆိုင်ရာတရားရုံးတွေကလည်း ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ လူဖမ်းဝရမ်းများ ထုတ်ဆင့်ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ 



ဒါ့အပြင် ဖမ်းဝရမ်းဆင့်ထုတ်ထားသူများကို တွေ့ရှိရင် သတင်းပေးပို့နိုင်တယ်လို့ဆိုထားပြီးလက်ခံထားရှိသူများကို တည်ဆဲဥပဒေအရ အရေးယူမယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ကိုဂျင်မီတို့ကို ဖေဖေါ်ဝါရီ(၁)ရက်နေ့ကတည်းက လိုက်လံဖမ်းဆီးနေတယ်လို့ သတင်းထွက်နေပြီး လတ်တလောမှာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 


Author


က္က